မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club နှင့် စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၇

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်ဆိုတာလန်းရမယ် စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် Book Club ဥက္ကဋ္ဌ၊ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက အနာဂတ် တိုင်းပြည်တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် လန်းဆန်းခြင်း၊ ရွှင်လန်းခြင်း၊ ရဲရင့်ခြင်း၊ တက်ကြွခြင်းများ အစရှိသည့် စိတ်ခွန်အားများဖြင့် ပြည့်စုံရန်လိုအပ် ကြောင်း၊ ဤစာအုပ်တွင် မိဘနှင့်ဆရာတို့က သားသမီးနှင့် တပည့်တို့အား ပြောပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို ဖတ်ချင်စဖွယ်ရှိအောင် ရေးသားထားပါကြောင်း၊ လိပ်ပြာသန့်တဲ့အောင်မြင်မှု၊ ပျော်ရွှင်မှုဟာသင့်လက်ထဲမှာ၊ ဗဟုသုတတန်ဖိုးအကြောင်း၊ ဆရာမလှိုင်က စွမ်းအင်ကြီးမားအသင်လူသား၊ အောင်မြင်မှု ဟူသည်၊ စာကောင်းပေမွန်အကြောင်း၊ ဆရာကောင်းကျော်က ကံကောင်းနည်းလက်ဆောင်၊ စူစမ်းတဲ့သတိ၊ ပုဂံဘုရားဖူးခြင်း အကြောင်းတို့ကို ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)