ရွှေပြည်သာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ် ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်
Feb 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၁)နှစ်မှ အသက်(၅)နှစ်အထိ ကလေးသူငယ်များအား (၅)မျိုးစပ်ကာကွယ်ဆေး ထိုးပေးခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက (၂၃)ရပ်ကွက် ကျန်းမာရေးဆေးခန်းတွင် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။