ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် ရုံးရှေ့တို့တွင် ရပ်ကွက်နှင့် ကျေးရွာပြည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များအား လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။