သတင်းများ

ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Feb 27,2024
ပဲခူးမြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 27,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့က ရေစိုကျေးရွာအုပ်စု၊ တက်သစ်ကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စုနှင့် စံကင်းကြီးကျေးရွာအုပ်စုများသို့ တပြိုင်နက်ထဲ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ ဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာ‌ နေရာများ၊ ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ် သမဝါယမအသင်းစု၏ ဘဏ္ဍာရေးနှစ်အလိုက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်ရုံး (Community Centre) ခန်းမ၌ "ပန်းအလှထိုးနည်း" သင်တန်းဖွင့်လှစ်
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် အခမ်းအနားများ ပြင်ဆင်ရာတွင် ပန်းစို၊ ပန်းခြောက်များ အသုံးပြု၍ ပန်းအလှဆင်ခြင်းအတတ်ပညာဖြင့် အလှပန်းခြင်း၊ အလှပန်းအိုးများ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ "ပန်းအလှထိုးနည်း" သင်တန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Feb 27,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်တွေရင်ဖွင့်ပါစေလား စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ကျိုက်လတ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ "ဘဝအသစ်ရဲ့ အစများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များထောက်ပံ့
Feb 27,2024
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။