ကလိန်အောင် ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade- 5) နှင့် (Grade- 9) နှစ်ဆုံးစာမေးပွဲ လူမူရေးဘာသာရပ်နှင့် သမိုင်း ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ စ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အခြေခံပညာကျောင်းပေါင်း (၁၀) ကျောင်းရှိရာ ခရိုင်စစ် (Grade- 5) ကျောင်းသား/သူ စာရင်းရှိ (၁၀၃) ဦး၊ ဖြေဆိုသူ (၈၄) ဦး၊ ပျက်ကွက်သူ (၁၉) ဦးနှင့် တိုင်းစစ် (Grade- 9) ကျောင်းသား/သူ စာရင်းရှိ(၇၂)ဦး၊ ဖြေဆိုသူ (၄၈) ဦး၊ ပျက်ကွက်သူ (၂၄) ဦး ရှိပြီး စာစစ်ဌာန(၁)ခု ဖွင့်လှစ်၍ နှစ်ဆုံးစာမေးပွဲများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့ အခြေခံပညအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)