တံတားဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဆိုကြမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

တံတားဦး ဖေဖော်ဝါရီ ၂၉

တံတားဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ယမန်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုခွင့်ကတ်ပြားများကို  ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးခရိုင်တွင် တံတားဦး စာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ နှစ်ခုရှိပါကြောင်း တံတားဦးမြို့နယ်အနေဖြင့် (STEAMS - 1)  တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၁၃၉)ဦး၊ အပြင်ဖြေဆိုရန်(၃၈)ဦး၊ (STEAMS - 2)  တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဘောဂဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူ ပေါင်း(၁၄၂)ဦး၊ အပြင်ဖြေဆိုရန်(၁၄)ဦး၊ (STAMS - 1) တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၂၂)ဦး၊ အပြင်ဖြေဆိုရန်(၁၄)ဦး၊ စုစုပေါင်း (၃၆၉)ဦးရှိပါကြောင်း၊ ထို့အပြင် ငါန်းဇွန်မြို့နယ်အနေဖြင့် (STEAMS - 1)  တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၅၄)ဦး၊ အပြင်ဖြေဆိုရန်(၅)ဦး၊ (STEAMS - 2) တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဘောဂဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း (၈၂) ဦး၊ အပြင်ဖြေဆိုရန်(၁၀)ဦး၊ (STAMS - 1) တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဘာသာတွင်၊ အတွင်းဖြေဆိုရန် ကျောင်းသား/သူပေါင်း(၁၀)ဦး၊ အပြင်ဖြေဆိုရန်(၂)ဦး၊ စုစုပေါင်း(၁၆၃)ဦးရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)