ဝါးခယ်မမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဝါးခယ်မ ဖေဖော်ဝါရီ   ၂၉

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပြည်သူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်း စာစောင်များကို ( အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ယင်းသို့ဖြန့်ဝေရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို လူစည်ကားသည့် နေရာများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် စစ်မှုထမ်းရန်ကာလ စသည့်အကြောင်းအရာပါ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)