အုတ်ဖို ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာ နေရာများတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှုးများက ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။
အောင်သူ(ပြန်/ဆက်)