သတင်းများ

တွန်းဇံမြို့၌ ရုံးဌာနများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 28,2024
ချင်းပြည်နယ် တွန်းဇံမြို့တွင် မီးဘေးလုံခြုံမှုရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် မှုနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံကို ရုံးဌာနများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇x၁၀၈ လမ်းကြားရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ယမန်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်က  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မန္တလာတက္ကသိုလ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မိုင်းတုံမြို့နယ်တွင် တောမီးမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Feb 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စမ်းသီတာ (၅)မိုင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တောမီးမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျေးရွာအရောက် ရှင်းလင်းဆွေးနွေး
Feb 28,2024
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့မမူလတန်းကြို‌ကျောင်းတွင် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ
Feb 28,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြို့မကံ့ကော်ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် (မြို့မ) ကံ့ကော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။