မိုးညို ဖေဖောဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်စခန်း၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်နှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်တိုက်ပေါ်မှ ကြိုးဖြင့်ဆင်းနည်း၊ အထပ်မြင့်တိုက်ပေါ်မှ လူနာအား ကယ်ထုတ်နည်း၊ မီးလောင်မှုကြောင့် အဆောက်အဦအတွင်း မီးခိုးငွေ့ဖြင့် သတိလစ်နေသူအား ကယ်ဆယ်ရွှေ့ထုတ်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်း၊ တဲမီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)