သတင်းများ

လှည်းကူးမြို့နယ်၌ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Jun 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ဂွေးတောက်အိုင်ကျေးရွာရှိ  ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။
မင်းလှ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ သက်သာသောဈေးနူန်းဖြင့် ရောင်းချပေး
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုမ္ပဏီဆီဖြန့်ဖြူးရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့်နံရံကပ်စာစောင်ပြသ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို သိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြော
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။
မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြော
Jun 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မြို့ယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အမျိုးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jun 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) “ဝိုင်းဝန်းကာကွယ်မူးယစ်‌ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး တို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်သည့် ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံအမှိုက်ပုံး (၇) စုံ ပေးအပ်လှူဒါန်းပွဲကျင်းပ
Jun 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမှိုက်ခွဲခြားစွန်ပစ်သည့် ရောင်စုံအမှိုက်ပုံး ဝါ၊ စိမ်း၊ နီ၊ ပြာ (၇) စုံအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၂)ကျောင်းတို့အား ပေးအပ်လှူဒါန်းသွားမည်ဟုသိရသည်။