သတင်းများ

တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နေ့နံနက် (၉) နာရီတွင် အ.ထ.က (ခွဲ) တမံကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 20,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မအူပင်မြို့၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်မည့် သမဝါယမ အသင်းသား တောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 20,2025
မွန်ပြည်နယ်၊ မော်လမြို့င်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မွန်ပြည်နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ဝန်ထမ်များအား ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန် (Pfizer Vaccine)ကာကွယ်ဆေး (Booster Dose )များ စတင်ထိုးနှံပေးလျက်ရှိ
Jun 20,2025
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များကို ယမန်နေ့နံနက်(၁၀)နာရီကစတင်ကာ ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရူ့ကာ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ
Jun 20,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြဘုတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်​မှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)အချိန်က ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင် ပြုလုပ်သည့် အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပုသိမ်)၏အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်း
Jun 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စားအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှားရမ်းပေးခဲ့သည်။