သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြိုင်ပွဲများ ကျင်းပ
Jun 20,2025
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ပဥ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆို
Jun 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် ပြန်လည်ကျင်းပပေးလျက်ရှိရာ ပဥ္စမ နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို Grade-12 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပြန်လည်ဖြေဆိုလျက်ရှိသည်။
မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကျင်းပ
Jun 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက မြို့မအနောက်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါင်းတည်၌ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသဇာတ်တိုက်လေ့ကျင့်
Jun 20,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က (မြို့မ)တွင် မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
ဟိုမိန်းမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 20,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ကြည်လင်လန်းဆန်းစွာ ပညာသင်ကြားသင်ယူနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအား ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီက မြို့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ
Jun 20,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ် အသိ ပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။