လင်းခေးမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 20,2025
သဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်းအထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီက လင်းခေးမြို့ တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။