သတင်းများ

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ်ကျဆင်း
Jun 20,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း များနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုမိုးတွင်း အချိန်တွင်တောင်ပေါ်ကွမ်းရွက်ကြမ်းများ  ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 20,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့နေ့လယ်(၂) နာရီအချိန်က သံ‌တောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမ၌စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး ဟောပြော
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ရှိ သော်ကဆောင်ခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jun 20,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အရာထမ်း/ အမှုထမ်းများတက်ရောက်ကြသည်။
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ကျောင်းသားကျောင်းသူများအား အာဟာရမုန့်မျိုးစုံနှင့် အချိုရည်များပေးအပ်
Jun 20,2025
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ‌ရောက်ရှိပြီး အဆိုပါကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ‌Grade -12 ကျောင်းသားကျောင်းသူ ၄၆၈ ဦး နှင့် တာဝန်ကျကြီးကြပ်ဆရာဆရာမ (၅၉) ဦး စုစု‌ပေါင်း (၅၂၇) ဦးတို့အား အာဟာရမုန့်မျိုးစုံနှင့် အချိုရည်များပေးအပ်ခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်၌ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းနှင့် သွေးဆောင်ဖြားရောင်းခိုးယူမှု များကို ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စက္ကော့ကျေးရွာ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး
Jun 20,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၂) ခုတွင် စာစစ်ဌာန (၂၂) ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှစတင်၍ အေးချမ်းစွာ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ အမှုစစ်(အရာရှိ)(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုစစ်(အရာရှိ)(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။