တပ်ကုန်းမြို့နယ် တရော်ပင်အင်းကျေးရွာအခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တရော်ပင်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းနှင့် အသိပညာဗဟုသုတများပိုမိုဖွံ့ဖြိုးလာစေရန်၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများတိုးပွားလားစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းသူ၊ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်၊ စာစောင်များ ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်