ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင်  Grade -12 ကျောင်းသား/သူ (၇၉၉)ဦး တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပ‌ ‌ဗေဒနှင့်သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

ပြည်ကြီးတံခွန် ဇွန်   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ယနေ့နံနက်၉နာရီမှ စတင်၍ တက္ကသိုလ်ဝင် စာဖြေဌာနကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ပဉ္စမနေ့အဖြစ် ဆက်လက်ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဖြေဆိုရာတွင် စာ‌‌မေးပွဲကာလ ဇွန်လ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများဖြစ်သည့် အ-ထ-က(၂၇) ကျောင်းတွင် စာရင်းရှိ(၄၉၉)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား(၁၉၉)ဦး ကျောင်းသူ (၂၉၆)ဦး၊ ပျက်ကွက် ကျောင်းသား (၁)ဦး ကျောင်းသူ(၃)ဦး စုစု‌‌ပေါင်း ပျက်ကွက်သူ(၄)ဦးနှင့် အ-လ-က(၁၁) ကျောင်းတွင်စာရင်းရှိ (၃၁၇)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား (၁၅၀)ဦး ကျောင်းသူ (၁၅၄)ဦး၊ ပျက်ကွက် ကျောင်းသား(၇)ဦး ကျောင်းသူ(၆)ဦး စုစုပေါင်း ပျက်ကွက်ကျောင်းသား/ သူ(၁၃)ဦး စုစုပေါင်းဖြေဆိုသည့် ရာခိုင်နှုန်း (၉၇.၈၃)ရှိကြောင်းနှင့် စုစုပေါင်းဖြေဆိုသူ ကျောင်းသား/သူ(၇၉၉)ဦးနှင့် ပျက်ကွက်သူ(၁၇)ဦး ရှိပြီး ကျောင်းသား/သူများမှ ပဉ္စမနေ့အဖြစ် ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား အေးချမ်းစွာဆက်လက် ပြန်လည်ဖြေဆိုလျက်ရှိပြီး မြို့နယ်ကျောင်းဆရာ/မများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများက လိုအပ်သည်များ ဆောင်ရွက်ပေးပြီး တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့်ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇင်မင်းမောင်