မူဆယ်မြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jun 20,2025
ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါ ဝန်ထမ်းများနှင့် သက်ဆိုင်သည့် စည်းကမ်းများကို ပိုမိုသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။