သတင်းများ

ပေါက်ခေါင်းမြို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပ
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့မှဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)နှင့် မြို့ဈေးတို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သတ်မှတ်အမှိုက် အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးနှင့်သရုပ်ပြသခြင်းများဆောင်ရွက်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် သတ်မှန်အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နေ့လယ် (၁၂: ၃၀) အချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူနာပြုတက္ကသိုလ်-(မန္တလေး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။
ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 19,2025
ကရင်ပြည်နယ်၊  ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရုံးအဖွဲ့များမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။
သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေး
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေး‌ပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို
Jun 19,2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြို့နယ်ရှိစာစစ်ဌာန(၂)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်နှင့် အချိုရည်ဘူးများ ဝေငှပေး
Jun 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနမှ အာဟာရမုန့်နှင့် အချိုရည်ဗူးများကို ယနေ့မွန်းတည့် (၁၂)နာရီက ဝေငှပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေးဆွေးနွေးပွဲဆောင်ရွက်
Jun 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။