သတင်းများ

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီက မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jun 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေး ကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး
Jun 19,2025
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီးလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီ ကျော်လွန်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတု​ဗေဒ/ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Jun 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ယနေ့သက်ဆိုင်ရာစာစစ်ဌာနနှစ်ခု၌ ဓာတု​ဗေဒ/ ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ကန်ကြီးထောင့်မြို့နယ်တွင် ရွှေထွန်းကုမ္ပဏီ၏လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ရွှေထွန်းကုမ္ပဏီ၏ လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ
Jun 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံ(အပေါ်ထပ်)တွင် ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူလတန်းဆင့်ပန်းချီပြိုင်ပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jun 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက (ခ)ရပ်ကွက်၊ လူထုဓမ္မာရုံခြံ၀င်းအတွင်းရှိ မြရတနာအလင်းစာကြည့်တိုက်သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။