ကျောက်ပန်းတောင်း ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများကို ယနေ့နံနက်(၉)နာရီမှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိရာ၊ ဓာတုဗေဒနှင့် ပထဝီဘာသာရပ်ကို၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀)ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ထားရှိရာ၊ အမှတ်(၁)အ.ထ.က (ပင်မ)စာစစ်ဌာန အမှတ်(၁)အ.ထ.က (တိုးချဲ့) စာစစ်ဌာ၊ အ.ထ.က(ပုပ္ပား) စာစစ်ဌာန၊ အ.ထ.က (လက်ပန်ပျား) စာစစ်ဌာနများဖြစ်ပြီး၊ တစ်မြို့နယ်လုံးအနေဖြင့် စာမေးပွဲ ပြန်လည်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား ၆၁၄ ဦး၊ မ ၉၈၅ ဦး ပေါင်း ၁၅၉၉ ဦးအနက်၊ ကျား ၆၀၄ ဦး၊ မ ၉၇၆ ဦး စုစုပေါင်း ၁၅၈၀ ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြရာ ဖြေဆိုမှု ရာခိုင်နှုန်း အနေဖြင့် ၉၈.၈၁ ရာနှုန်းရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ စိတ်လက်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ကြစေရန်အတွက်၊ သက်ဆိုင်ရာစာစစ်ဌာနအလိုက် တာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်လုံခြုံရေးအဖွဲ့များက လိုအပ်သည့် လုံခြုံရေးများ ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)