မိုင်းဖြတ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၏ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပ

မိုင်းဖြတ် ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၏ ကျောင်းဝန်းအတွင်း ယနေ့နံနက် ၉ နာရီက  ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ကျောင်းကောင်စီဥက္ကဋ္ဌ ဒေါ်အမာကြည်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက အလေးပြု၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သီချင်း၊ ကတိသစ္စာခံယူခြင်းနှင့် ကျောင်းကောင်စီသီချင်းကို သီဆိုခဲ့ကြသည်။

ဆက်လက်၍ ကျောင်းကောင်စီဥက္ကဋ္ဌက အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလအသင်းကိုယ်စားပြုအလံများကို အသင်းခေါင်းဆောင် ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ဒေါ်အမာကြည်က ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကတိသစ္စာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)