ခရမ်းမြို့နယ်ဈေးကွက်အတွင်း Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

ခရမ်း ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်အတွင်းတွင် Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ရာတွင် ခရမ်းမြို့နယ်အတွင်းရှိ Siginal သွားတိုက်ဆေး ဖြန့်ဖြူးရောင်းချသည့်အရောင်းဆိုင်များတွင် ရောင်းချသော Siginal အမှတ်တံဆိပ်ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်အလက်များကို  တိုက်ဆိုင်စစ်ဆေးပြီး ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချနေခြင်းမရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ယခုကဲ့သို့လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း  လုပ်ငန်းရှင်များအားဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်စားသုံးသူ‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဒေါ်‌ကျော့ကေခိုင်နှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့တို့ ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)