စေတုတ္တရာ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER JN1) ထိုးနှံပေးခြင်းကို ဇွန်လ (၂၃) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီးသူများအား (Pfizer JN1) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများထက်ပိုမို ကောင်းမွန်ပြီးအသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့် အတွက်ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(PFIZER JN1)ထိုးနှံရန်ဆေးလုံး ရေ (၂၀၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင်လူ (၆) ဦးထိုးနှံနိုင်ရာ လူဦးရေ (၁၂၀၀) ဦးထိုးနှံပေးမည်ဖြစ်ကြောင်း ဇွန်လ(၂၄)ရက်နေ့အထိ (၂၈၈) ဦး ထိုးနှံပြီးစီးပြီးဖြစ်၍၊ ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)