မိုင်းရှူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းရှူး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် စျေးဆိုင်ခန်းများသို့ လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ကာကွယ်ရေးအတွက် “အဆိပ်ပန်း” ကဗျာ၊ မူးယစ်‌ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှ င့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ “ကာကွယ်ကုသ ပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက် ဖြတ်တောက်စို့၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး”စသည့် အသိပညာပေးကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များဖြင့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)