ကွန်ဟိန်း ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့ နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်”၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ “ကာကွယ်ကုသ ပြန်လည်ထူထောင်လို့ မူးယစ်ကွင်းဆက် ဖြတ်တောက်စို့”၊ “တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း”၊ အဆိပ်ပန်းကဗျာ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)