မိုင်းနောင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းနောင် ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ ကျောင်းသားလူငယ်တိုင်းရင်းသားများအားလုံး မူးယစ်ဆေးဝါး၏သားကောင်များမဖြစ်ပေါ်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကိုအမျိုးသားရေးအသွင်ဖြင့်တိုက်ဖျက်ရေး၊

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းများမရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှရှိဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ယခုဖြန့်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးကိုအမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများသက်ဆိုင်သည့် အသိပညာပေးဆောင်းပါးများ၊ ကာတွန်းများဖော်ပြပေးထားကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)