သတင်းများ

ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၂)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ အစည်းအဝေးကျင်းပ
Jul 22,2025
မကွေးတိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်စုပေါင်းရုံး၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဒေါ်စန်းစန်းနု၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။
တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ
Jul 22,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)ရပ်ကွက် မကျီးတောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပကြောင်း သိရသည်။
ရပ်စောက်၌ ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးလျက်ရှိ
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား UID (Unique Identity) ဆောင်ရွက်ပေးခြင်း ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း
Jul 22,2025
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ဌာနများ၏ အပတ်စဉ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jul 22,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ဌာနများ၏ အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစု လီမီတက်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
Jul 22,2025
မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ရွှေဝါဝင်းနှင့် နောင်မှိုင်းမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း(၂)သင်းမှ မိုးစပါးသီးနှံစိုက်ပျိုးသော အသင်းသားတောင်သူများ၏  (၂၆၈)ဧကအတွက် ကျပ် (၅၃၆)သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့်  မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးနှင့် ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။