တန့်ယန်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းဆက်ကပ်လှူဒါန်းခြင်းတွင် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးနာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား/သူများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့်လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းကိုလည်း ဆက်ကပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)