သတင်းများ

ကံမမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 22,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ကံမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့ပေါ်ရပ်ကွက်၌ ကိုယ်ထူကိုယ်ထ လမ်းသစ်နှစ်လမ်း ဆောင်ရွက်ပေး
Jul 22,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ခြင်းဆက် လမ်းသစ်တစ်လမ်းနှင့် အနောက်ပိုင်းရပ်ကွက် လမ်းသွယ်တစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ ထုတ်ယူရခြင်းမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားအဘိုးအဘွားများ ပင်စင်လစာလာရောက်ထုတ်ယူမှုအခြေအနေများကို အမှတ်(၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။
ဆီဆိုင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Unique Identity) ဆောင်ရွက်ပေး
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Unique Identity)များကို အဆိုပါရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးခြင်းဆောင်ရွက်
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ လယ်ယာမြေရေကြီးနစ်မြုပ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့်၊ နမ့်ပန်ချောင်းရေတက်လာပြီး လယ်ယာမြေရေကြီးနစ်မြုပ်မှုခံရသည့် တောင်သူတို့၏ကွင်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင် စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာရောင်းချ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို အလွယ်တကူဝယ်ယူနိုင်ရေးနှင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်က ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။