သတင်းများ

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 22,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 22,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နေ့လယ် (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ပခုက္ကူတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 22,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က တက္ကသိုလ်ရှိ၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 22,2025
နိုင်ငံတော်မှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ်  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တောမကျေးရွာအုပ်စု၊ ပင်းချားကျေးရွာ ကွင်းအမှတ်-(၁၁၁)၊ ဦးပိုင်အမှတ်-(၃၀/၂)၊ စိုက်‌ဧက (၅)ဧကရှိသည့် တောင်သူဦးမျိုးသိန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့တွင် ရုရှားဘာသာစကားပြော(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်‌သော ရုရှားဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းမြို့၊ Victoria Cliff Hotel (မင်္ဂလာခန်းမ)တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊‌ ဦးမောင်မောင်ကြီး၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲ ကျင်းပ
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော့သောင်းမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ၊ ဘာသာရေးနှင့်လူမှု‌ရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်း ကကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 22,2025
တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainer) (၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 22,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာသို့ ရောက်ရှိပြီး ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။