သတင်းများ

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များအား ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာအုပ်စာပေဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်း၊ ဂါဒီယန် ဦးစိန်ဝင်းခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပ ညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်ပြသ
Jul 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အတွင်းရှိ ပြည်သူများနှင့် ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဈေးရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Jul 22,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီး လမ်းဆုံလမ်းထောင့်၌ ပြုလုပ်ကြောင်း သိရသည်။
​ရွှေဘိုမြို့၌ ​ကျောင်သား၊ ကျောင်းသူများအား ကျန်းမာ​ရေးစစ်​ဆေး​ပေးခြင်းများ​ဆောင်ရွက်
Jul 22,2025
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းကအ​ခြေခံပညာကျောင်းများဖြစ်သည့် မင်းရပ်(မ)နှင့်ဆင်ရုံကျောင်းများသို့ ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပခုက္ကူမြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြော
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ CMEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။