သတင်းများ

တာလေမြို့တွင် ကျောင်းသားလူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရေး ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ မိုးရာသီပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ
Jul 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျန်းမာသန်စွမ်းဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်အားကစားသမားကောင်းများပေါ်ထွက်လာရေး ယမန်နေ့ညနေ (၄)နာရီက မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲကို အဆိုပါနည်းပညာ တက္ကသိုလ် ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
Jul 22,2025
ဧရာတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့‌ဆေးရုံကြီး အရှေ့ဘက်ဆေးရုံသုံးထပ်ဆောင်ခန်းမ၌   ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 22,2025
နိုင်ငံတော်မှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးတို့ကို အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး (အောင်နိုင်တိုး) အထွက်နှုန်းကောင်း မျိုးစပါးသစ်  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောမကျေးရွာအုပ်စု၊ ပင်းချားကျေးရွာ ကွင်းအမှတ်-(၁၁၁)၊ ဦးပိုင်အမှတ်-(၃၀/၂)၊ စိုက်‌ဧက (၅)ဧကရှိသည့် တောင်သူဦးမျိုးဝင်းသန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ဧက ၅၈၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ မြေပဲ ဧက ၅၈၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။