ရပ်စောက် ဇူလိုင် ၂၂
မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ရွှေဝါဝင်းနှင့် နောင်မှိုင်းမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း(၂)သင်းမှ မိုးစပါးသီးနှံစိုက်ပျိုးသော အသင်းသားတောင်သူများ၏ (၂၆၈)ဧကအတွက် ကျပ် (၅၃၆)သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးနှင့် ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)