မိုးညှင်း မေ ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်နိုင်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများအား သိရှိနိုင်စေရန် ပါဝါပွိုင့်ဖြင့် အသိပညာပေးရှင်းလင်းပြောကြားသည်။
ထို့နောက် အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း