သတင်းများ

ချမ်းမြသာစည်မြို့နယ်၌ ပြန်လည်ကျင်းပဖြေဆိုကြရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၁၀၂) ဦး ဖြေဆို
Jun 16,2025
ချမ်းမြသာစည်မြို့နယ်တွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြန်လည်ကျင်းပဖြေဆိုကြရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်၍ ‌စာ‌ဖြေဌာနများ၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့ သောင်ကြီးနှင့်အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) (၃၀၀) ပေ တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) (၀/၀မိုင်-၀/၄မိုင်) ကြား၊ ကွန်ကရစ်တံတား (၃၀၀) ပေ တည်ဆောက်မည့်နေရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် အေးချမ်းစွာစတင်ဖြေဆို
Jun 16,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) စာစစ်ဌာန၌ မြန်မာ စာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့၊ ထားဝယ်ကြီးကျောင်းတိုက်၌ ပါရမီမ္မစကူးလ်(တနင်္ဂနွေ) သင်တန်းစတင်ဖွင့်လှစ် သင်ကြားလျက်ရှိ
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ထားဝယ်ကြီးကျောင်းတိုက်၌ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ပညာပြည့်ဝနှလုံးလှ၍ ဓမ္မအမွေများပြန့်ပွားစေရန်နှင့် မိဘ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို နားလည်သိတတ်စေရန်ရည်ရွယ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါရမီမ္မစကူးလ် (တနင်္ဂနွေ)သင်တန်းကို ယမန်နေ့မွန်းလွဲ(၁) နာရီက အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတော်ကြီးတွင် ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ဆက်လက်သင်ကြားနိုင်စေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူနှင့်အဖွဲ့ နေအိမ်အရောက် ကွင်းဆင်းတွေ့ဆုံအားပေး
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျောင်းအပ်နှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခြေခံပညာ ဆက်လက်တက်ရောက်သင်ကြား နိုင်စေရေးအတွက် ယမာန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးနှင့်အဖွဲ့က နင်းကြမ်းကျေးရွာရှိ နေအိမ်များသို့ လိုက်လံကွင်းဆင်း၍ တွေ့ဆုံပြီး အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်
Jun 16,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထပ်ဆောင်းထိုးနှံပေး
Jun 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊‌ ကျောင်းသား၊‌ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် လုပ်ငန်းများ‌ ဆောင်ရွက်နိုင်ရေးတို့အတွက် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ထပ်ဆောင်းထိုးနှံပေးကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာအောင်သံဃာများနှင့် ပါဠိပထမ ပြန်စာအောင်သံဃာတော်များ အောင်လက်မှတ်ဆက်ကပ် ပူဇော်ပွဲအခမ်းအနား ဗိုလ်တထောင်မြို့နယ်၌ ကျင်းပ
Jun 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာအောင်သံဃာများနှင့် ပါဠိပထမပြန်စာအောင်သံဃာများ အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။