မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆီထွက်သီးနှံ(နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား နည်းပညာပေးသင်တန်းပြုလုပ်

မလှိုင်  မေ ၂၆

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင် မလှိုင်မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)အတွင်းဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို မေ ၂၅ ရက်က ရေချိုဘူတာအုပ်စု၊ သပြေပင်ကျေးရွာ  SMU ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ  တောင်သူနည်းပညာပေးသင်တန်းတွင်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ကြည်က  ဆီထွက်သီနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  နည်းပညာများကို  ဆွေးနွေးပြီး  မြို့နယ် မြေ၊  မျိုး၊ ပိုးတာဝန်ခံများမှ  သက်ဆိုင်ရာဘာသာရပ်အလိုက် စိုက်ပျိုးရေးနည်းပညာများကို ဆက်လက်ပို့ချသည်။  အဆိုပါ တောင်သူနည်းပညာပေး သင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၂၃)ဦး၊  သပြေပင်ကျေးရွာမှ တောင်သူ (၅၆)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်