သတင်းများ

ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေး
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ တိုက်ကျွေးပေးခဲ့သည်။
ချင်းပြည်နယ်ဟားခါးမြို့၌ ရွေးကောက်ပွဲအငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Aug 11,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ IFES(INTERNATIONAL FOUNDATION FOR ELECTORAL SYSTEM) ၏ ကူညီပံ့ပိုးမှုဖြင့် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသင်တန်းခန်မ၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးသည်။
ကျောက်မဲမြို့တွင် ခွေးချစ်သူများအဖွဲ့မှ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းမြို့နယ် ဝဲလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့မှ တိရစာ္ဆန်ဆေးကုဆရာဝန် ဒေါက်တာကျော်ရန်နိုင်ထွန်းနှင့် အဖွဲ့တို့သည် ကျောက်မဲမြို့အတွင်းရှိ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် ဝဲရောဂါများ ကုသပေးခြင်းတို့ကို ကျောက်မဲပြည်သူ့ဆေးရုံကြီးအတွင်း၌ ယနေ့မှ စ၍ ၅ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်
Aug 11,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးထုတ်လုပ်ခြင်း အသိပညာပေးဆွေးနွေး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သီးနှံစိုက်တောင်သူများ သတ်မှတ် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး အဟာရဓာတ်ကြွယ်၀မှုအချိုးအစား ကောင်းမွန်ကာ သင့်တင့်သော‌ ဈေးနှုန်းဖြင့် သွင်းအား စု မြေဩဇာများ ရရှိသုံးစွဲနိုင်ရေးရည်ရွယ်၍ ယနေ့ နံနက် ၁ဝ နာရီက မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ခြင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့၌ အသက်(၆)လမှ (၉)နှစ်အထိ ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာအောင်နှင့် သူနာပြုများက လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၉)နှစ်အထိ ကလေးများအား ဗီတာမင် အေ နှင့် သံချဆေးပုံမှန်တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်ထားသူများအား စိစစ်
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ၌ ဆောင်ရွက်ကြကြောင်း သိရသည်။
ကျိုက်မ​ရော မြို့နယ်အတွင်းရှိရပ်ကွက်/​ကျေးရွာအုပ်စု​ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်းလာ​ရောက်ကြည့်ရူသူ ၂၆၁၀၀ဦးရှိ
Aug 11,2020
မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​​အောင်မြင် စွာကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်လ၂၅ရက်​နေ့မှ စတင်၍သြဂုတ်လ၁၄ရက် ထိ သက်ဆိုင်ရာ ရပ်ကွက်/​ကျေးရွာ​ကော်မရှင် အဖွဲ့ခွဲရုံး(၄၇)ရုံးတို့တွင်ကပ်ထား​ကြေငြာ​ပေးလျက် ရှိရာ ယ​နေ့​အချိန်ထိမဲစာရင်း လာ​ရောက်ကြည့် ရူသူ(၂၆၁၀၀)ဦးပြီးဖြစ်​ကြောင်း မြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။