သတင်းများ

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ စင့်ဟောက်ကျေးရွာနှင့် အင်းရွာကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများအား ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ပေး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု၊ စင့်ဟောက် ကျေးရွာနှင့် အင်းရွာကျေးရွာအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများအား ယနေ့ နံနက် ၁၁ နာရီ အချိန်က
ဟုမ္မလင်းမြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်နည်းစနစ် မှန်ကန် ရေးကွင်းဆင်း ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်ဧကရီ-၃ (RS)မှ (CS) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၊ စိုက်နည်းစနစ်သရုပ်ပြသခြင်းကို သြဂုတ်(၁၀)ရက်နေ့၊နံနက် (၉)နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ ထွက်ဝကျေးရွာ တောင်သူ ဦးမောင်ယောလယ်၌ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တနင်္သာရီ မြို့မရဲစခန်းအတွင်းရှိအချုပ်သားများအား သုတ/ရသစာအုပ်များ လဲလှယ်ငှါးရမ်းပေးခြင်းဆောင်ရွက်
Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မရဲစခန်းအချုပ်ခန်းအတွင်းရှိ အကြောင်းအမျိုးမျိုးဖြင့်အမှု ရင်ဆိုင်နေကြရသော အချုပ်သူ၊ အချုပ်သားများအား စိတ်ဓာတ်နှင့် စာရိတ္တတိုးတက်ပြောင်း
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်း တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ အမြဲတမ်းအတွင်းဝန် တက်ရောက်
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်း တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀:၃၀ အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝက်လက်မြို့နယ် ယင်းမတော ကျေးရွာ ၌ ကောက်စိုက် မြေစက်ဖြင့် စိုက်ပျိုး
Aug 11,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ယင်းမတော ကျေးရွာတွင် အမှတ် (၆၁) လယ်ယာမြေ ဝန်ဆောင်မှု စခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း၍ တောင်သူ ဦးသိန်းဇော်၏ လယ်ဧကများကို အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ ယနေ့ နံနက်ပိုင်း မှစ၍ ကောက်စိုက် စက်ဖြင့် စတင် စိုက်ပျိုးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်(လမ်းခွဲအနီး)နေပူတောင် (ဒိုးပင်တောင်)အဆင်းတွင် ခရီးသယ်ယာဉ်တစ်စီးတိမ်းမှောက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထီးချိုင့်မြို့ အနောက်ဘက်(၃၀)မိုင်ခန့်ကွာဝေးသော ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမိုင်တိုင်အမှတ်၁၁၂-၁၁၃ အကြား နေပူတောင် (ဒိုးပင်တောင်) အဆင်း ညောင်ထောက်ကျေးရွာ (ထီးချိုင့်မြို့နယ်) လမ်းခွဲအနီး၌ ယနေ့နံနက် (၀၂:၅၀)အချိန်ခန့်က ခရီးသယ် ယာဉ်ကား တစ်စီးတိမ်းမှောက်နေကြောင်းဖုန်းသတင်းရရှိသဖြင့်ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဖြိုးညွှန့်မောင်နှင့်ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ သွားရောက် ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်တွင် ၂၀၂၀ပြည့်နှစ်‌ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်မောင်းသူများနှင့် ဆိုင်ကယ်မောင်းနှင်သူများအား ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ် ရှင်းလင်းအသိပေး ဟောပြောခြင်းနှင့် လက်ကမ်းများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ(၅:၀၀)နာရီက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။