သတင်းများ

လိပ်သိုမြို့အတွင်းရှိ အိမ်ထောင်စုများအား နှာခေါင်းစည်းများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 11,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရပ်ကွက် ၆ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား Action Aid Myanmar အသင်းနှင့် သံတောင်ကြီးမြို့နယ် အရပ်ဖက် အဖွဲ့အစည်းများပူပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ​ဖြစ်ပွားနေစဉ်ကာလအတွင်း နှာခေါင်းစည်းများနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for work (CFW) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေပြန်တိုး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယမန်နေ့ည ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၉၄၇ စင်တီမီတာရှိပြီး ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၁၀၃၀ စင်တီမီတာတက်လာကာ နှစ်ပေကျော်တိုးလာပြီး ယနေ့နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ မိုးရေချိန် ၃ ဒသမ ၂၇ လက်မရှိကြောင်းနှင့်မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၁၀၄၂ စင်တီမီတာရှိကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရေး(၄) ဦးဂျွန်တူးအောင်၏ ပြောပြချက်အရ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) များအား မွမ်းမံသင်တန်းဖွင့်လှစ်
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Mobile Table အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအား မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်း‌ငေါ့မြို့ တာလုံရပ်ကွက်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်
Aug 11,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံ ကျောင်းတိုက်၌ ယနေ့ နံနက် (၉) နာရီ အချိန်က ကျန်းမာရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့ ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်း
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ် သည်။
တိုက်ကြီးမြို့နယ်တွင် လမ်းနှင့်မလွတ်ကင်းသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်း
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီ အချိန်က လမ်းနှင့်မလွတ်ကင်းသည့် သစ်ပင်များအား မြို့နယ်မီးသတ်ဦးစီးဌာနက ခုတ်ထွင် ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ပြည်သူ့ကြားနာပွဲကျင်းပ
Aug 11,2020
ကချင်ပြည်နယ်လွှတ်တော်၏ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ များပြင်ဆင်နိုင်ရေး အထောက်အကူဖြစ်စေရန် ပြည်သူလူထု၏ သဘောထားနှင့်အကြံဉာဏ်များ ရယူနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၏ရေးရာကော်မတီ (၂)ရပ်နှင့် NDI တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့ကြားနာပွဲတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော်ရုံး Banquet Hall ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။