လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်ထားသူများအား စိစစ်

လွိုင်လင်            ဩဂုတ်      ၁၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က  ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရိပ်သာ၌ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်လွှာများ စိစစ်ခြင်းကို လွိုင်လင်ခရိုင် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  က္ကဋ္ဌ ဦးသန်းတင်၊ အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်(၁၅)ဦးတို့က စိစစ်ဆောင်ရွက်လျက်ရှိသည်။ လွိုင်လင်ခရိုင်အတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၊တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် နေရာများအတွက် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလျှောက်ထားသူ (၁၃၀)ဦးရှိကြောင်း ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)