ရေဦး ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သီးနှံစိုက်တောင်သူများ သတ်မှတ် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး အဟာရဓာတ်ကြွယ်၀မှုအချိုးအစား ကောင်းမွန်ကာ သင့်တင့်သော ဈေးနှုန်းဖြင့် သွင်းအား စု မြေဩဇာများ ရရှိသုံးစွဲနိုင်ရေးရည်ရွယ်၍ ယနေ့ နံနက် ၁ဝ နာရီက မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ခြင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဇော်မြင့်ထွန်းက ဆွေးနွေးပွဲပြု လုပ်ရခြင်း ရည်ရွယ်ချက်နှင့်အတူ မြေဩဇာအတြအပ ကင်းစင်ရေး အတွက် မှတ်ပုံတင်ထားခြင်းမရှိဘဲ မြေဩဇာသိုလှောင်ခြင်း၊ ထုတ်လုပ် ခြင်း၊ ဖြန့်ချိ ရောင်းချခြင်း တွေ့ရှိပါက ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ မြေဩဇာကော်မတီ၏ကြီးကြပ်မှုဖြင့် ထုတ်လုပ်တင်သွင်းခွင့် မှတ်ပုံတင်နှင့် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များစိစစ်ခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့် ညွှန့်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ပေးကြရန်မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မျိုးစေ့တာ၀န်ခံ ဒေါ်ခင်လေးက မျိုးစေ့ဥပဒေ၊ မြေအသုံးချရေးတာ၀န်ခံ ဒေါ် ရွှေဝါက မြေဩဇာပြုလုပ်ခြင်း ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပိုးမွှားတာ၀န်ခံ ဒေါ်အေးငြိမ်းသန့်ကတရားမ၀င်ပိုးသတ် ဆေးထုတ်လုပ် ဖြန့်ဖြးရောင်းချခြင်းဆိုင်ရာ သိရှိထားရမည့် ဥပဒေ၊ နည်းဥပဒေများစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုချပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြေသြဇာ မျိုးစေ့နှင့် ပိုးသတ်ဆေး ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေသောပြင်ပအဖွဲ့အစည်းများမှ လုပ်ငန်းရှင်များက သိရှိလိုသည့်ချက်များကို တင်ပြဆွေး နွေးခဲ့ရာ မြို့နယ်ဦးစီးမှူနှင့် မြေ - မျိုး - ပိုး တာ၀န်ခံတို့ကကဏ္ဍတစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ မြေ - မျိုး - ပိုးသတ်ဆေး ထုတ်လုပ် ရောင်းချလျှက်ရှိသော ပြင်ပအဖွဲ့အစည်းမှ လုပ်ငန်းရှင် ၄၇ ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းသန်း ( ပြန်/ဆက် )