ရှင်ဗွေယန် သြဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ တိုက်ကျွေးပေးခဲ့သည်။
ဆေးတိုက်ရာတွင် (၅)နှစ်အာက် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အစာအာဟာရပြည့်ဝစွာ ကျွေးမွေးစေခြင်းဖြင့် မိမိတို့၏ကလေးများ အစိမ်းရောင်အုပ်စုတွင် ပါရှိရမည် ဖြစ်ကြောင်း အသိပညာပေးခြင်း၊ လက်မောင်းလုံးပတ်(cm)တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ဗီတာမင်အေ (မျက်စိအားဆေး) တိုက်ပေးခြင်း၊ သံချဆေးတိုက်ကျွေး ပေးခြင်း လုပ်ငန်းများကို ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်မှ အသက်(၅)နှစ်အောက် ကလေး (၃၄၁)ဦး တို့ကို တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)