ကျိုက်မ​ရော မြို့နယ်အတွင်းရှိရပ်ကွက်/​ကျေးရွာအုပ်စု​ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်းလာ​ရောက်ကြည့်ရူသူ ၂၆၁၀၀ဦးရှိ

ကျိုက်မ​ရော       သြ ဂုတ်   ၁၁

မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​​အောင်မြင် စွာကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်လ၂၅ရက်​နေ့မှ စတင်၍သြဂုတ်လ၁၄ရက် ထိ သက်ဆိုင်ရာ ရပ်ကွက်/​ကျေးရွာ​ကော်မရှင် အဖွဲ့ခွဲရုံး(၄၇)ရုံးတို့တွင်ကပ်ထား​ကြေငြာ​ပေးလျက် ရှိရာ ယ​နေ့​အချိန်ထိမဲစာရင်း   လာ​ရောက်ကြည့် ရူသူ(၂၆၁၀၀)ဦးပြီးဖြစ်​ကြောင်း မြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

အဆိုပါကပ်ထားသည့်မဲဆန္ဒရှင်စာရင်းများတွင် မဲဆန္ဒရှင်ပြည်သူများအ​နေဖြင့်မဲစာရင်း များအားဖြည့်စွက်လိုခြင်း၊ ပြင်ဆင်လိုခြင်းရှိသည်များကို သက်ဆိုင်ရာ​ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာ​ရောက်​ဆောင်ရွက်လျက်ရှိရာ ယ​နေ့အထိပုံစံ(၃)ဖြင့်​လျောက်ထားသူ(၃၇၂)ဦး ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၂၄၄)ဦး၊ ပုံစ(၄-ဂ)ဖြင့်ပြင်ဆင်ခွင့်တင်ပြသူ(၁၉၀)ဦးရှိပြီး ပထမအကြိမ်ကပ်ထား သည့် မဲဆန္ဒရှင်စာရင်းဦး​ရေမှာ(၁၈၀၇၄၃)ဦးရှိကြောင်းနှင့်ဒုတိယအကြိမ်မဲစာရင်းကပ်ထား​ကြေငြာခြင်းကို​ အောက်တိုဘာလ၁၄ရက်တွင်  ပြန်လည်ကပ်ထား​ကြေငြာ​ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 ချို ချို (ပြန်/ဆက်)