သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းလိုအပ်ချက်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပထမအကြိမ် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများမှ မှားယွင်းမှု၊ လိုအပ်မှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်း မွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်သင်တန်းပို့ချ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဥ် သင်တန်းကို ဩဂုတ်လ ၁၀ရက် နံနက် ၉နာရီခွဲအချိန်တွင် အဆိုပါဌာ၌ ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဆဒုံးမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့က ပြည်သူ့စာကြည့်တိုက်သို့ သုတ/ရသ စာအုပ်များလာရောက်လှူဒါန်း
Aug 11,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် (၁၀) နာရီက သုတ/ရသ စာအုပ်များ လာရောက်လှူဒါန်းခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 11,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တန့်ဆည်မြို့နယ် တောင်ကြောင်းကျေးရွာ၌ Cash for Work စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် လိပ်ခြံအုပ်စု၊ တောင်ကြောင်းကျေးရွာ တွင် Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ရွာတွင်းလမ်း ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး (၅၀%)ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)တွင် မဲစာရင်းကပ်ထားမှုအခြေအနေနှင့် ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက် နှင့် အမှတ်(၆) ရပ်ကွက်တို့အား ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဟိုပန်ခရိုင် အရေးပေါ်ကာလစီမံခန့်ခွဲမှုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်
Aug 11,2020
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် အရေးပေါ်ကာလ စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၁ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။