ပခုက္ကူ ဩဂုတ် ၁၁
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးသည်။
ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၇ ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၉၉ ဦး ရှိပြီး ပထမနေ့တွင် ၁၅ ဦး စတင်စစ်ဆေးသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)