သတင်းများ

တီးတိန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်
Aug 19,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် COVID-19 Economic Relief Plan လုပ်ငန်း စီမံချက်ဖြင့် ကျေးလက်နေ၊ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project (VRFP) ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာ(၈)ကျောင်းအတွက် အားကစားပစ္စည်းများလှူဒါန်း
Aug 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ပန်းတောင်းမြို့ အားကစားရုံ ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါမှကြိုတင် ကာကွယ်ရေးအတွက် Mask များ လှူဒါန်း
Aug 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဓိကဖြစ်သည့် Mask များကို ယမန်နေ့နံနက်
ရေဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲများ ကျန်းမာရေး၀န်ကြီးဌာန လမ်းညွှန်ချက်များ လိုက်နာ ဆောင်ရွက်ထားရှိမှု ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်၀င်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ဆရာ၀န် ဆေးရုံအုပ် ဒေါက်တာ လေးဖြူပြာအောင်၊ မြို့နယ်ပညာရေးမှူရုံး လက်ထောက်ပညာရေးမှုး ဦးဇော်ဇော်မြင့်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၀နာရီက ရေဦးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲများတစ် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ထားရှိမှု ဒုတိယ အအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် Covid 19 Economic Relief Plan (CERP) သင်တန်းဖွင့်လှစ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊‌ ကျောက်မြောင်းမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကျော်မျိုးသူ ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၀ ရက်‌နေ့မှစတင်ပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက်အရ ကျေးရွာများတွင် (CERP) သင်တန်း ပို့ချဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသော အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်
Aug 19,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်း မြို့နယ်မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအပါအဝင် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးကို သြဂုတ်လ ၁၈ ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။