သတင်းများ

ကန့်ဘလူ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရှိရသည်။
မိုင်းဖြတ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉နာရီ က ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။
အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစီမံခန့်ခွဲမှုလုပ်ငန်းများ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း တောင်ဘီကျေးရွာ၊ မင်းနန်သူကျေးရွာ၊ သူဌေးကန်ကျေးရွာတို့တွင်ဆောင်ရွက်နေ
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဆောင်ရွက်နေသောလုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းဆွေးနွေးညှိနှိုင်းဟောပြောခြင်းလုပ်ငန်းများအား ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ပြီး ဩဂုတ် ၁၈ ရက်နေ့ထိ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းဟောပြောညှိနှိုင်းဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။
အင်ဂျန်းယန်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 19,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Aug 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကမားထကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တောင်သမန်အင်း ဦးပိန်တံတား ဌက်လှေအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားနည်းပါးခြင်းကြောင့် ငှက်လှေစီးခများ ဈေးလျှော့ပေးနေရ
Aug 19,2020
ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားနည်းပါးခြင်းကြောင့် ငှက်လှေစီးခများ ဈေးလျှော့ပေးနေရကြောင်း တောင်သမန်အင်း ဦးပိန်တံတားဌက်လှေအသင်းမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 19,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက စျေးကြီးအ​နောက်​ရပ်ကွက်နှင့် အိုးဘိုရပ်ကွက်၊
ဖားကန့်၌ ဥရုချောင်းရေ မြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
Aug 19,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဥရုချောင်းဖျား ကံဆီးဒေသ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက် ကျော်လွန်ကာ ဩဂုတ် ၁၈ ရက်နေ့တွင် ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။