မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်

မိုင်းပျဉ်း ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေး ကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး (ယာယီ) ၌ပြုလုပ်ခဲ့သည်။

အစည်းအဝေး‌တွင် မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းအောင်ပွင့်က ၂၀၂၀ ပြည့်နှစ် အ‌ထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်မီဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းရခြင်း‌ဖြစ်ကြောင်း ပြောကြားပြီး၊ ‌မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးခန့်က အဆိုပါ ကော်မတီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်တွင် ဩဇာတိက္ကမ ရှိသူ(၅)ဦး၊ မြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်သည့် ပါတီနှင့်တစ်သီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ကိုယ်စားလှယ်တစ်ဦးစီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး တို့ဖြင့်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်းနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်‌ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများက မြို့နယ်‌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)