သတင်းများ

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သက်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေး
Aug 19,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သက်မှတ်ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 19,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သြဂုတ် ၁၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 19,2020
ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက်
ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club)စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 19,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း ၍ (BookClub) စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နန့်တိန်းချောင်းနှင့် မိုးကောင်းချောင်းရေများ လျှံတက်လာသဖြင့် ကာမိုင်းဧရိယာအတွင်း ကားလမ်းနှစ်နေရာ ရေများကျော်တက်
Aug 19,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ဩဂုတ် (၁၇) ရက်နေ့ ညပိုင်းနှင့် (၁၈) ရက်နေ့ နံနက်ပိုင်းတွင် မိုးများရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်လာသဖြင့် ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်နှင့် မြစ်ကြီးနား-တနိုင်း သွား ကားလမ်းပေါ်သို့ ရေများကျော်တက်လျက်ရှိကြောင်း သိရသည်။
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၅၁)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ(၆)နာရီ အချိန်က (၁၆)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၃၅)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၅၁)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များ ပြသထားရှိ
Aug 19,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးမှု